Burmese Font Download
To enjoy this website in Burmese, please download and install this font: Burmese Font-
Recent Posts


ပဲခူးမြို့မှာ စနေနေ့ညက နယ်မြေခံစစ်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်း လုံခြုံရေး အထူး တင်းကြပ်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို လောလော ဆယ် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားပြီး မနက်ဖြန်သင်္ဂြိုဟ်ဖို့ စီစဉ်ထားကြောင်း အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိစ္စ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အရေး စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကနေ့  ဆုံးဖြတ်လိုက်ပါတယ်။
နအဖ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကားကြီးများ ဝေါလေဒေသ အခြေစိုက် ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) နှင့် ဒီကေဘီအေတပ်မဟာ (၅) ဒေသများသို့ မြ၀တီမှတဆင့် ထွက်ခွာသွားကြောင်း ကေအန်အယ်လ်အေ တပ်ရင်းမှူးတဦးက ပြောကြားသည်။
မြဝတီ-မဲဆောက် သံတား ရက်အကန့် အသတ်မရှိပိတ်ထားလိုက်သည်။ အဲ့ဒီလို့ ပိတ်ထားခြင်းကြောင့် စီးပွားရေးသမားက ဒုက္ခရောက်နေကြသည်။