Category Archives: အားကစား သတင်း

သတ္တုလုပ်ငန်း အသင်းဖွဲ့စည်းရာ တခြားသောဒေသမှ လုပ်ငန်းရှင်များ အသင်းဝင်ခွင့် မပြုလိုကြောင်း အစိုးရပြော

 

ကယားပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်ရာမှာ တခြားသော တိုင်းဒေသနှင့် ပြည်နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင်များကို အသင်းဝင်ခွင့်မပြုလိုကြောင်း ပြည်နယ်အစိုးရ သစ်တောဝန်ကြီး ဦးရဲဝင်းက ပြောဆိုလိုက်ပါတယ်။

“အသင်းဝင်အဖြစ်လက်ခံရေးမှာ ကျနော်တို့ပြည်နယ်မှာရှိတဲ့ ဒေသခံနဲ့ ကုမ္ပဏီတွေကတော့ တယောက်အကြောင်းတယောက် သိကြတယ်။ ကုမ္ပဏီချင်းလည်းသိကြတယ် ရင်းလည်း ရင်းနှီးကြတယ်။ အပြင်ကနေလာလုပ်တဲ့ ကုမ္ပဏီ သဘောက တခြားတိုင်းဒေသ ပြည်နယ်ကနေလာလုပ်မည့် ကုမ္ပဏီလည်းရှိ လိမ့်မယ်။ ရှိတော့ သူကထုတ်လုပ်ရပြီဆိုရင် အသင်းဝင်တာ ဖြစ်လို့ရှိရင် သူတို့ရဲ့ အသင်းဝင် သင့်မသင့် ကျနော်တို့ စဉ်းစားမယ်။ အသင်းဝင်ခွင့် ပေးမလား မပေးဘူးလား ပေးပြီဆိုရင်လည်း ကျနော်တို့ အလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးမှတ်တမ်းနဲ့ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ချက်နဲ့ဆိုရင်တော့ ကျနော်တို့အတွက် အသင်းရဲ့ ကြီးပွားတိုးတက်ဖို့အတွက် အဆင်ပြေမယ်လို့ ယူဆပါတယ်”

 

သတ္တုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားတွင် ပြည်နယ်သတ္တုဝန်ကြီး ဦးရဲဝင်းက မိန့်ခွန်းပြောကြားစဉ် (ဓါတ်ပုံ-ကေတီ)

သစ်တောဌာနဝန်ကြီးဦးရဲဝင်းက  မေလ ၁၁ ရက်နေ့က လွိုင်ကော်ဟိုတယ်မှာ ကျင်းပတဲ့ ကယားပြည်နယ် သတ္တု လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း တည်ထောင်တဲ့ အခမ်းအနား မှာ ပြောကြား သွားတာ ဖြစ်ပါတယ်။

ကယားပြည်နယ် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လူမှုရေးစီးပွားရေး ကဏ္ဍတွေ ပြုပြင်ပြောင်းလဲမှုအနေဖြင့် ကုမ္ပဏီလုပ်ငန်းရှင်များ တစုတစည်း တည်းဖြစ်ရန် အသင်းအဖွဲ့တခု အနေဖြင့် ဖွဲ့စည်းထားဖို့ လိုအပ်တယ်လို့ ပြည်နယ် စီမံနှင့်စီးပွားရေးဝန်ကြီး ဦးတော့ရယ်က  ယခုလို ပြောကြားသွားပါတယ်။

ဝန်ကြီးက “တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ အသင်းအဖွဲ့အစည်းတွေကိုလည်း ဖွဲ့စည်းထားတာရှိတယ်။ အဲလိုဖြစ်တဲ့အတွက် ကျနော်တို့ ကယားပြည်နယ်မှာလည်း ကယားပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် ဖွဲ့စည်းနိုင်ဖို့နဲ့ ညီနှောင်များအသင်းဖြစ်တဲ့ အကြမ်းဖျင်းရာထားတဲ့အထဲမှာ ကယားပြည်နယ်ဆန်၊ စပါးများအသင်း၊ ဆန်ကုန်သည်များအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ တခြားသီးနှံလုပ်ငန်းရှင်များအသင်း၊ အဲဒီထဲမှာ သတ္တုလုပ်ငန်းရှင်များအသင်းကိုလည်း ဖွဲ့စည်းဖို့လိုအပ်တယ်လို့ ကျနော်တို့မြင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်ပြီဖြစ်လို့ ကယားပြည်နယ်အတွင်း သတ္တုများကို ပြည်ပနိုင်ငံသို့ အဆင့်မှီထုတ်ကုန် သွင်းကုန်ပြုလုပ်ဖို့ ကယားပြည်နယ်မှ ကုမ္ပဏီ ၂၇ ခုကနေပြီးစုပေါင်း သတ္တုလုပ်ငန်း စုပေါင်းအသင်းအဖွဲ့တခု စတင်တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။

 

 

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာကလေးငယ်များ (၁၄ မေ ၂၀၁၃)ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာကလေးငယ်များ (၁၄ မေ ၂၀၁၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းမှာ ရာနဲ့ချီတဲ့ ခရီးသည်တွေ စီးနင်းလိုက်ပါလာတဲ့ လှေတစ်စင်းဟာ ကျောက်ဆောင်နဲ့ တိုက်မိပြီး ပင်လယ်တွင်းမှာ နစ်မြုပ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျ မသိရသေးပေမဲ့ ဒီလှေပေါ်မှာ လိုက်ပါလာသူတွေဟာ ရိုဟင်ဂျာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မဟာဆန်မုန်တိုင်းဟာ ရခိုင်ပြည်နယ်အတွင်း ၀င်ရောက် တိုက်ခတ်တဲ့အခါ လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ လောက်အထိ ရှိနိုင်တယ်လို့ မိုးလေ၀သဌာနကလည်း သတင်းထုတ်ပြန်ထားတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။နစ်မြုပ်သွားတဲ့ စက်လှေဟာ ပေါက်တောမြို့နယ် ငှက်ချောင်းကျေးရွာ ဒုက္ခသည်စခန်းဘက်က ထွက်လာပြီး ဆင်တက်မော် ဒါမှမဟုတ် နောက်ရဲရွာဘက်ကို ဦးတည်ထွက်လာစဉ်မှာ စစ်တွေမြို့ တဘက်ကမ်း ပွဲကြည့်တောင်အနီးမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။နစ်မြုပ်သွားတဲ့ စက်လှေမှာ လိုက်ပါသူတွေဟာ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင် ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ အာဏာပိုင်တွေက မုန်တိုင်းဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းတာကို မလိုက်ပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြောင်းကြတုန်းမှာ နစ်မြုပ်တာဖြစ်တယ်လို့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က ပြောပါတယ်။

“မနေ့ နေ့လည်ပိုင်းက ဒုက္ခသည်စခန်းက လူတွေကို ဘေးကင်းရာကိုပြောင်းဖို့ မြို့နယ်အုပ်ချုပ်ရေးဌာနက စီမံပြီးတော့ သူတို့ကို သွားခေါ်တယ်လေ။ သွားခေါ်တော့ သူတို့က မလိုက်ဘူးပေါ့နော်။ သူတို့က ခေါ်လို့မလိုက်ဘူးဆိုတော့ ညဘက်ကျမှ ဖြစ်သွားတယ်ထင်တယ်။ ညတည်းကထွက်ပြီးတော့ နောက် သူတို့လူမျိုးတွေရှိတဲ့ နောက်ရဲ သို့မဟုတ် ဆင်တက်မော် ဘက်ကို သွားပုံပေါက်တယ်။ အဲ့လိုသွားတော့ ဒီလမ်းကြားထဲမှာ ရေပြင်မှာ မြုပ်နေတဲ့ ကျောက်ဆောင်တွေရှိတယ် အဲ့ဘက်မှာလေ။ အဲ့ဒီကျောက်ဆောင်တွေနဲ့ တိုက်မိပြီး လှေတစ်စင်းမြုပ်သွားတယ်လို့ ကြားတယ်။”

လှေပေါ်မှာ လူ ၁၀၀ ကျော်လောက် လိုက်ပါသွားတယ်လို့ ခန့်မှန်းထားပြီး ၄၀ ကျော်လောက် လွတ်မြောက်လာတယ်လို့ သိရပေမဲ့ သေဆုံးသူ အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပေါက်တောမြို့နယ်က ဒေသခံ အစ္စလာမ် ဘာသာဝင်တစ်ဦးကတော့ ဒီကနေ့မနက်အစောပိုင်း ၂ နာရီ ၃ နာရီလောက်က နစ်မြုပ်တာဖြစ်တယ်။ စက်လှေပေါ်မှာ လူ ၂၀၀ ကျော်လောက် လိုက်ပါလာပြီး လူ ၂၀ လောက် ကမ်းပေါ်ပြန်တက်လာတယ်လို့ ပြောပါတယ်။

“၂ နာရီ ၃ နာရီလောက်မှာ မှောက်သွားပါတယ်။ လူ ၂၀၀ ကျော်လောက်လည်း ပါပါတယ်။ ပေါက်တောမှာ ကျောက်ရှိတယ်မဟုတ်လား။ အသက်ရှင်တဲ့သူ ၁၀၊ အယောက် ၂၀ လောက်ရှိမယ်။ မဟုတ်ဘူးဆို အားလုံး သေသွားပါတယ်။”

UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပူးပေါင်းဆောင်ရွက်ရေးမှူး ယာစုကို ရှီမိဇု (Yasuko Shimizu) ကလည်း သူတို့ရထားတဲ့ အသေအပျောက်စာရင်းကို ပြောပြပါတယ်။

“ပေါက်တောမြို့ နတ်ချောင်းရွာ ဆိပ်ကမ်းက ထွက်သွားတဲ့ လှေ ၂ စီး မှောက်သွားတာကြောင့် အနဲဆုံး လူ ၁၀၀ လောက် သေဆုံးသွားတယ်လို့ ခန့်မှန်းရပါတယ်။ စာရင်း အတိအကျကို ကျမတို့ အတည်ပြုလို့ မရသေးပေမဲ့ အဲ့ဒီလောက် သေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အသက်ရှင် ကျန်ရစ်သူတွေထဲက တစ်ယောက်ကတော့ သူ့နေရပ်ကို ပြန်သွားပါတယ်။”

မုန်တိုင်းဝင်တဲ့အချိန် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲတွေပါ နစ်မြုပ်သွားနိုင်တဲ့ အလားအလာ ရှိတာကြောင့် ဘေးကင်းရာကို ရွှေ့ပြောင်းနေချိန်မှာ အခုလို လှေမှောက်သွားတာလို့ UNHCR က ပြောပါတယ်။

အခုလို စက်လှေနစ်မြုပ်ပြီး လူအများအပြား ပျောက်ဆုံးနေတဲ့သတင်းကို အတည်ပြုနိုင်ဖို့ ပေါက်တောမြို့နယ် ရဲစခန်းနဲ့ စစ်တွေက ပြည်နယ်အစိုးရရဲ့ ပြောခွင့်ရသူတွေဆီကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်းမှာတော့ အင်အားပြင်းထန်တဲ့ မဟာဆန် အမည်ရ အပူပိုင်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်ဘက်ကို ဖြတ်သန်း ၀င်ရောက်ဖွယ် ရှိနေတာကြောင့် ပြည်ထောင်စုအစိုးရရ့ ဒုသမ္မတကိုယ်တိုင် ကြီးကြပ်ကွပ်ကဲပြီး ပြည်သူတွေကို  ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့နေပါတယ်။ တချိန်တည်းမှာပဲ ဒေသခံအာဏာပိုင်တွေက မုန်တိုင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေကို လိုက်လံ အသိပေး ဆော်သြတာတွေ ဆောင်ရွက်နေပါတယ်။

မဟာဆန် အပူပိုင်းမုန်တိုင်းဟာ လာမယ့် မေလ ၁၆ ရက်နေ့ ညနေပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နဲ့ ရခိုင်ပြည်နယ် မောင်တောမြို့အကြား ကို ဖြတ်သန်းပြီး ကုန်းတွင်းပိုင်းကို ၀င်ရောက်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

Posted in အားကစား သတင်း | Leave a comment

kayan songs

Posted in အားကစား သတင်း | Leave a comment

KNGY New Flag

Posted in အားကစား သတင်း | Leave a comment

နေ၀င်ဘုရင်များသို့ တမ်းချင်း

အနာအတွက် ဖန်တီးလက်ကို
ဥာဏ်တို ခွေးတွေ ၀ိုင်းခဲ
မိုက်ရူးရဲကြ ။

Posted in အားကစား သတင်း | Leave a comment

ပရီးမီးယားလိခ်မှာ သွင်းသွားတဲ့ အကောင်းဆုံး ဂိုးတစ်ဂိုး၊ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာစီတီ တို့ရဲ့ ဒါဘီပွဲ၊

မန်ယူ နဲ့ အာဆင်နယ် ပရီးမီးယားလိခ် ဖလား လုရမယ်ဆိုရင် ဘယ်သူက အခြေအနေပိုကောင်း နိုင်သလဲ ဆိုတဲ့ သုံးသပ်ချက် နဲ့

ဒီ အပတ်ထဲမှာ ပြန်ကစားတော့မယ့် Champions League ပွဲစဉ်တွေမှာ အာဆင်နယ် နဲ့ ဘာစီလိုနာ၊ စပါးစ် နဲ့ အေစီမီလန် တို့ ပွဲ အကြို သုံးသပ်ချက် တွေကို အားကစား သတင်းပဒေသာ အစီအစဉ်မှာ နားဆင်နိုင်ကြမှာပါ။

ကိုမင်းထက်က တင်ဆက်ပေးထားပါတယ်။

Posted in အားကစား သတင်း | Leave a comment

တိုင်းရင်းသားတွေကို ကမ္ဘာကသိစေတဲ့ ခရီးသွားဓာတ်ပုံဆရာတွေ

ဇွန်ပန်းပွင့်
အတွဲ ၂၆၊ အမှတ် ၅၀၅ (၁၁-၁၇ ၊ ၂ ၊ ၂၀၁၁)

“မြန်မာနိုင်ငံက ဘယ်နားမှာရှိတာလဲ”ပြည်ပအဝေတိုင်းပြည်တွေဆီ ခရီး
ထွက်တဲ့အခါတိုင်း သူအမြဲအမေးခံရ တဲ့ မေးခွန်းတစ်ခုကို ခရီးသွား ဓာတ်ပုံ ဆရာ ကိုကျော်ကျော်ဝင်းက ရေရွတ်ပြပါတယ်။

Posted in အားကစား သတင်း | Leave a comment