ကဗျာများ

(ဝံပုလွှေများရဲ့ ဒိန်ခဲည)

လူသတ်လက်နဲ့ မြတ်စွယ်တော်ကိုင်

မြင်လိုက်ရတဲ့ ဖန်သားပြင်ထဲ

စိမ်းပုပ်ဆင်မြဲတွေ့ရတယ်

ဗုဒ္ဓအရှင်မြတ် ကြိုက်မှာတဲ့လား။

ဖျက်မယ်တဲ့ ခရစ်ယာန်ဘာသာ

ပျက်စေမယ့် တိုင်းရင်းသားများ

တည်နှစ်ချက် မပက်စက်ဘူးလား

ဒီအချက်ကို သတိထားကွယ်။

No. အမှတ်၊ ဗလဝ/ ၇-၁၀၄၊ ၈၈ တဲ့

ထိပ်တန်းအထူးလျှို့ဝှက်ချက်

န.အ.ဖ ရဲဘော်များအတွက်ဆိုဘဲ။

မကောင်းမှုဒုစရိုက် ဟူမည်သည်

ဆိပ်ကွယ်ရာရှိကောင်းရဲ့လား

ဆင်သေဖုံးတဲ့ ဆိပ်သားရေ

ဒို့ပြည်မှာဆုံ ခဏခဏ။

(က) ရိုးသာမန်ဖြစ်ပါက ငွေသား (၅၀၀)ကျပ်

(ခ) နယ်ဖုံးမီး၊ တူမ (၁၀၀၀) ကျပ်တဲ့ဗျ

(ဂ) ဘွဲ့၊ ပြီး၊ တတ် ဖြစ်ပါက (၁၅၀၀)တဲ့ဗျ

(ဃ) ခေတ်၊ တတ်၊ စော်မျိုးဘွဲ့ရ၊ မီးတူမ (၂၇၀၀) ပေးဦးမယ်တဲ့ဗျာ။

တစ်နှစ်လျှင် စတာလင်ပေါင် (၅) သန်း မြန်ပြည်ငွေနှင့်မှန်း။

ဖျက်နိုင်ရင်ရမယ်တဲ့ န.အ.ဖ ပေးတဲ့လျှို့ဝှက်စာ

ယုံချင်ယုံ မယုံချင်နေ တို့မှာသက်သေရှိနေတယ်

မှတ်ပါလေ ဖတ်ပါလေ စတုတ္ထစောင်တဲ့လေ။

အို.. တိုင်းရင်းပျိုတို့မေ

အသက်ကို ဥာဏ်ရှင် အမြင်မှန်မှ အဆင်းလှမယ်နော့

တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားရင်တော့

မြေခွေးတွေက သနားရိုးလား

ဝံပုလွေ များရဲ့ ဒိန်ခဲညပေါ့။     ။

(ခူးရေဆန်)

Comments are closed.